ကိုယ် တကယ်မသိတော့ဘူး....
လူ့အဖြစ်တဲ့...
နေ့စဉ်နဲ့အမျှ.. ကိုယ့်အသက်ကို ဆက်ထားတဲ့ ချစ်ခြင်းမေတ္တာ.
ခလုတ်..
"မနက်ဖြန်တွေ မရှိတော့ရင် မနက်ဖြန်တွေဆိုတာလဲ လိုအပ်ဦးမလားး"
Labels
ကိုယ် တကယ်မသိတော့ဘူး....
(1)
ခလုတ်
(1)
ပုံပြင် (မှူးသစ်)
(1)
မှူးသစ် ကဗျာစုစည်းမှု
(2)
လူ့အဖြစ်တဲ့.....
(1)
မှူးသစ်
Tuesday, September 25, 2012
ကိုယ် တကယ်မသိတော့ဘူး....
ကိုယ် တကယ်မသိတော့ဘူး
ကိုယ် သိထားတဲ့ အကြောင်းအရာတွေ ထဲမှာ
ကိုယ့် အသက်ရူသံတွေ ပါမလာဘူး
မျက်လုံးဟာ အမြင်အာရုံတွေကိုေ၀၀ါးစေတယ်။
အသိစိတ်က စတင်လို့...
ညဥ့်နက်လာတဲ့အထိ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတယ်။
စီးကရက်တွေ ဘယ်နှလိပ် ကုန်နေပြီလဲ
ကော်ဖီဘယ်နှခွက် သောက်မိပြီ လဲ..
ကိုယ်မသိတော့ဘူး
ကမ္ဘာကြီးမှာ ဒီထက်ပိုပြီး ခြောက်ကပ်နေစရာ အခြေအနေ
စွဲထုတ် ကြည့်မိတဲ့ အတွေးတွေ အစတွေ
နားထဲမှာ မီးခြစ်သံတွေပဲ ကြားနေရတယ်။
အသံတစ်ခုရပ်သွားတာ ကိုယ်စောင့်နေတာလား
ရင်ထဲမှာ.."နင်" နေတာကလွဲ ပြီး .
ကိုယ် တကယ် မသိတော့ဘူး
ယုံကြည်ရာကို ကိုးကွယ်ကြည့်ဖို့ ကိုယ့်မှာ ယုံကြည်ရာလည်းမရှိတော့
လမ်းပေါ်မှာ...
ဘက်(စ်)ကားပေါ်မှာ.
ကော်ဖီဆိုင်တွေ ထဲမှာ..
လူတွေ ပျော်နေတာ မြင်တိုင်း
ကိုယ်က ဘာလို့ဝမ်းနည်း နေရ တာလဲ
ကိုယ်က ဘာကို ဒေါသတကြီး ဖြစ်နေရတာလဲ
တစ်ခါတစ်လေ ကိုယ် ပျော်ချင်တယ်
ကိုယ် တန်းဖိုးထားခံကြည့်ချင်တယ်
ကိုယ်ကြည့်နေတယ်..ဘာကိုမှန်းမသိဘူး
ကိုယ်စောင့်နေတယ်.. ဘာကိုမှန်းမသိဘူး
အသက်ရူသံကစပြီး အားလုံးဟာ အစိမ်းသက်သက်
အတွေးတွေ..အသိညဏ်တွေ..အားလုံးးးး
အဆိပ်အတောက်ဖြစ်စေတဲ့ အစိတ်တွေပိုင်းတွေပဲ
ကိုယ့်မှာ တစ်ယောက်ထဲ ဖြစ်နေတာလား ကိုမသိတော့ဘူး
ကိုယ့်အခန်းလေးဟာ..မှောင်..ကျ..နေ..တယ်။
စွံ့အတယ်..မျိုချပစ်တယ်..။
ကိုယ့်ကို နည်းနည်းလောက်ဖြစ်ဖြစ် တန်းဖိုးထားပေးပါလား ကမ္ဘာမြေ..
ကိုယ့်မှာ..
ဒီ..စောက်စီးကရက်တွေပဲ ဖွာနေရတယ်။
ကိုယ့် အိမ်မက်တွေကို အသေအလဲ ခုခံထားရတယ်။
နောက်ဆုံး.. ကိုယ့်ခံနိုင်ရည် နောက်ဆုံးအချိန်ထိ..
အားးး..............
မသေချာဘူးးး ကိုယ်ကိုယ်တောင် မသေချာတော့ဘူး
ကိုယ့်ကိုယ်ကို တောင် ကိုယ်က အရေးမကြီးတော့ဘူး
............................................................
ကိုယ်ဘာမှ မတတ်နိုင်ဘူး
---- အသိစိတ်တွေ------ေ၀၀ါးနေတယ်။
မျက်ဝန်းထဲမှာ အရည်တစ်ခုခု ခံနေတယ်။
ကိုယ် စီးကရက်တွေ ဖွာနေတာလား
ဒါမှမဟုတ်.. ကိုယ်ကော်ဖီတွေသောက်နေတာလား
ကိုယ်လမ်းတွေ လျှောက်နေတာလား ထိုင်နေကြ ထောင့်စွန်းလေးမှာလား
ကိုယ့်မှာ---- ဘာလိုအပ်နေတာလဲ...
ကိုယ့် ခံနိုင်ရည်ဟာ ရာခိုင်နူန်း ဘယ်လောက်ကို ရောက်နေပြီလဲ
ကိုယ်..ကိုယ်..
ကိုယ် တကယ်မသိတော့ဘူး....
ကိုယ်... ထွက်ပြေးသွားချင်တယ် ကမ္ဘာမြေ။
မှူးသစ်
26/8/2012
PM-- 11; 48
နေ့စဉ်နဲ့အမျှ.. ကိုယ့်အသက်ကို ဆက်ထားတဲ့ ချစ်ခြင်းမေတ္တာ..
သတိတရဖြစ်ခြင်းတွေက..
"စိတ်"မှာ အတောင်ပံတွေ တဖျပ်ဖျပ် လှုပ်ခတ်သွားသလို..
ညီမလေးကို လွမ်းတဲ့စိတ်ဟာ
မနက်ခင်းတွေက စပြီး နိုးထလာတော့တယ်။
...............................................
နေ့စဉ်နဲ့ အမျှ အရေးပေါ်လိုအပ်ချက်တစ်ခုလို
ညီမလေးကို လွမ်းတဲ့ "စိတ်"
ကိုယ့်အသက်ကို ဆက်ထားတဲ့ ညီမလေးရဲ့ ချစ်ခြင်းမေတ္တာ...
ဘ၀မှာ..ဒီထက်ပိုလှတဲ့ အရာတွေ မရှိနိုင်တော့ဘူး
ဟော့ဒီ..(၃၁) ဘုံတစ်ခုလုံးဆိုပါတော့..။
ဟူးးးးးးးးးးးးးးးးးးးးးး
တွေးလိုက်တိုင်းးးးးဆွေးတယ်
ငေးလိုက်တိုင်းးးးးးးးရင်ထဲမှာ နွေးသွားတယ်
ခဏခဏ ထုတ်ကြည့်မိတဲ့ ဓါတ်ပုံလေးတောင် အလွတ်ရနေပြီ။
..............................................
"ရပ်တန့်နေရသူတစ်ယောက်မှာ ခြေလှမ်းတွေ မရှိရှာဘူး"
ပြက္ခဒိန်စာရွက်တွေပေါ် ဘောပင်ကလေးကို ထောက်..ထောက်..ကြည့်မိ
ဘယ်လောက်အထိများ ဝေးနေရဦးမှာ.လဲ
စိတ်မှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရ
တစ်ယောက်လက်ဖ၀ါးတွေကို တစ်ယောက်ဆုပ်ကိုင်းထားရ
ဘ၀တစ်ခုလုံးဆွံပျံ့နေတဲ့..နွေးထွေးမှုတွေမှာ
ခရီးဝေးတွေ ပျောက်ဆုံးကုန်ပြီ..rမဟုတ်လား
"လွမ်းတယ်.."
စကားလုံးတွေ ချရေးနေရတာထက်
နူတ်ဇျားမှာ ပွင့်အာ ကျလာတာထက်..
ပိုပိုပြီး လွမ်းနေရတယ်..ညီမလေးရေ..
........................................
ညီမလေးရဲ့ချစ်ခြင်းမေတ္တာ..ကိုယ့်မှာ
နေ့စဉ်နဲ့အမျှ..အိမ်မက်တွေဟာ အသက်ဝင်နေတယ်
မိုးတွေဟာ သိပ်ဆွေနေတော့တာပဲ..
ညီမလေးရဲ့ လက်ဖ၀ါးတွေကို ဆုပ်ကိုင်ထားချင်တာကလွဲပြီး
ဆိုက်ပရပ်(စ်) လမ်းမှာ ကိုယ်မလျှောက်ချင်ဘူး
ညီမလေးရဲ့ မျက်ဝန်းတွေကို ငေးမောနေရတာကလွဲပြီး
ပဲရစ်မျှော်စင်ကြီးပေါ်ကနေ သိပ်လှတဲ့ ရူခင်းတွေကို ကိုယ်မကြည့်ချင်တော့ဘူး
......................................................................
နေ့စဉ်နဲ့အမျှ.. ကိုယ့်အသက်ကို ဆက်ထားတဲ့..
ညီမလေးရဲ့ ချစ်ခြင်းမေတ္တာ.....
ဘ၀ရဲ့အရေးပေါ်လိုအပ်ချက်ထက်တွေထက် ပိုတဲ့
ချစ်ခြင်းမေတ္တာ..
ကိုယ့်..စိတ်ဟာ အတောင်ပံတွေ ဖြန့်လိုက်သလို..
ညီမလေးရဲ့ ကိုယ်သင်းရနံလေးအနားမှာ..ဆွံပျံ့နေချင်တယ်။
မှူးသစ်
7/6/2012 AM ;1.05
လူ့အဖြစ်တဲ့...
ဇတ်လမ်းတွေဟာ..အစမရှိအဆုံးမရှိ.
သန္ဒေဆိုးတွေ ဘယ်တုန်းကစတင်ပြီး အမြစ်တွယ်ခဲ့သလဲ..
တမြည့်မြည့်လောင်နေတဲ့ မီးစတွေလို.
ကျွန်တော့်ကိုကျွန်တော် မမေးရဲတဲ့မေးခွန်းတွေ အများကြီးရှိတယ်။
"တကယ်လိုများ သင်ဟာ မှားယွင်းတဲ့ လမ်းကြောင်းတစ်ခုကို
လျှောက်မိပြီ ဆိုရင်..ဘုရားက သင့်ကို "ဂ"ကွေ့ကို ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်"
(ဆရာတော်ဦးဇောတိက..)
ဘယ်လမ်းကိုများ ကျွန်တော်လျှောက်မိသွားတာလဲ
"ကျွန်တော် လူ့အဖွဲ့အစည်းကို ချစ်ပါတယ်" အဲ့ထက်ပိုတဲ့ မေတ္တာတရား
အရိုးသားဆုံးရှာကြည့်ဖို့ဆိုတာ
ရိုးသားမှုကို သွေးကြောထဲက ဖေါက်ထုတ်ပစ်လိုက်လို့ မဖြစ်ဘူး
သွေးသားတွေအားလုံးဟာ အဆိပ်မိနေတဲ့ ညစာ..
ကျွန်တော့်ရင်ထဲမှာ..သိပ်ပူနေတာပဲ အမေ
လူတွေဟာ ကြောက်လန့်စရာ..ညည ဆို ကျွန်တော့်မှာ အလန့်တကြား"ထ".."ထ"နိုးတယ်
"လူအဖြစ်တဲ့.."
အဲ့ဒီလို စတင်လုပ်ကြံခံလိုက်ရပြီးနောက်
ကမ္ဘာကြီးရဲ့ ၂၃ ဒီဂရီ တိမ်းဆောင်းမှုဟာ ဘယိကိုများ ပိကျသွားခဲ့သလဲ..
ရင်ထဲမှာ အမြဲတမ်း တစ်ခုခုလိုနေတဲ့အရာ..
ငယ်ငယ်တုန်းကလို..ပိတ်မိနေတဲ့ ချောင်ကလေးထဲမှာပဲ ငိုနေချင်တော့တယ်
မျက်ရည်ဆိုတာ ကဗျာဆရာတစ်ယောက်ရဲ့ ရှားပါပစ္စည်း..
မဟုတ်ဘူးး..မဟုတ်ဘူး..တကယ်တော့
ကျွန်တော်ကဗျာဆရာမဟုတ်ဘူးးးးး.
တကယ်တော့....မျက်ရည်ဆိုတာ..
လူအဖြစ်မှာ ဘေးချော်နေတဲ့ ခပ်ညံ့ညံ့ယောက်ျားတစ်ယောက်ရဲ့
ရှားပါးပစ္စည်း
ဘ၀တစ်ခုလုံး ခြားနားခြင်းတွေပဲ ပြည့်စုံနေတော့တာပဲ အမေ
ခြားနားခြင်းဟာ..
ဘ၀တွေကို စတင်ပြီးရွေးချယ်တယ်.
ခြားနားခြင်းဟာ..
ဟိုးငယ်ငယ်တုန်းက.အိမ်မှာရှိခဲ့ဖူးတဲ့ ဘုရားစင်ကလေးနှစ်ခုက စတင်ခဲ့သလား
ဒါမှမဟုတ် နာကျင်စို့နင့်နေတဲ့..
ခရစ္စမတ် သီချင်းလေးတစ်ပုဒ်က စတင်ခဲ့သလား
ကျွန်တော် အမှတ်တမဲ့နေခဲ့မိတဲ့..ဆန္ဒတစ်စုံက စတင်ခဲ့သလား
"သန်းခေါင်ယံမတိုင်မီ ငါ့အား သင်ငြင်းပယ်ဦးတော့မှာ"
( ယေရူခရစ်တော်../ရှင်ယောဟန်ခရစ်ဝင် )
ခြားနားခြင်းဟာ အားလုံးကိုငြင်းပယ် ပစ်လိုက်တော့တာပဲ..
မှူးသစ်
14/6/2012...4;08
Sunday, September 23, 2012
…ခလုတ်..
…ခလုတ်..
ကို့ယ်နားထင်ကို ကိုယ်ပြန်တေ့ထားတယ်။ ။ကျည်ဆန်
ခလုတ်ကိုဖြုတ်လိုက်ရတော့မလား
ဝှက်ထားတဲ့ ဖဲတစ်ချပ်ကို ထိမိလို့မဖြစ်ရင်.
ကိုယ့်ကိုကိုယ် မသိသလိုနေ/သေလိုက်သင့်တယ်။ ။
အသိတရားတွေအားလုံး စိတ်လွတ်ကိုယ်လွတ်..ဖြစ်နေတယ်။ ။
ငယ်ငယ်တုန်းက စာသင်ခန်းကလေး အ၀မှာ တထိတ်ထိတ်နဲ့
စိုးရိမ်စိတ်တွေ အမောဖေါက်နေသလိုမျိုး
မျှော်လင့်ချက်.ဟာ.ကြက်ခိုးမျှင်မျှင်လေးတွေကျနေတဲ့ အခန်းကျဉ်းလေးထဲမှာ
အသက်ရူကျပ်နေပြီ..ချစ်ခြင်းမေတ္တာရေ…
ကိုယ်ကတော့ အဲ့ဒီလိုလူပါပဲ
တိုင်းတာမှုတွေ တစ်ခုခုရှိနေရင် ကိုယ်ဟာ လူမပီသတဲ့ လူ
ပိုထူးခြားမလာနိုင်တော့တဲ့ ဇတ်ပျက်ထဲက ဇတ်ကောင်
မွေးကတည်းက ဘ၀တစ်လျှောက်လုံးတွဲပါလာတဲ့.
အဆင်မပြေမှုတွေဟာ ခုချိန်ထိ နေသားထိုင်သားတကျ မရှိနိုင်သေးဘူး
သိပ်ခက်တာပဲ လူ့ဘ၀ဆိုတာ ပျှော်ရွှင်မှုတဲ့.ကျမ်းစာအုပ်တွေထဲမှာ ရှိမနေခဲ့တာ
ပျှော်ရွှင်မှုဆိုတာ တစ်ဦးတစ်ယောက်တဲ ဖန်တီးယူလို့မရတဲ့အရာ
အဲ့ဒီလိုဆိုရင်ပိုမှန်မလား
ကြက်ခြေခတ်တွေရဲတွတ်နေတဲ့ စာရွက်အစုတ်အပျက်ကလေးထဲမှာ
အဲ့ဒီစာရွက်ကလေးတွေ ထည့်မှီးထားတဲ့
လွယ်အိတ် အနွမ်းကလေးထဲမှာ..ဘ၀တစ်ခုလုံးကို ထည့်ယူသွားလိုက်တော့မယ်
စာရိတ္တပျက်ယွင်းမှုဆိုတာ ခေတ်ကာလတစ်ခုရဲ့ အမှန်တရား
တစ်ယောက်ကိုတစ်ယောက် အသာအယာလေး လှည့်ဖျားလိုက်တဲ့
ပျှော်ရွှင်မှု.. ဒါမှမဟုတ်လည်း
ငွေကြးစည်းစိမ်တွေနဲ့ အနူးညံ့ဆုံးကွာဟနေတဲ့
လူတန်းစားကွာဟမှု မုန်းတိုင်း။ ။
အလင်းနှစ်သန်းပေါင်းများစွာထဲကို လွင့်မျောပါသွားတဲ့ အိမ်မက်တွေ
ညညဆို..ကိုယ် ခိုးခိုးကြည့်ရုံလေး နေလိုက်ပ့ါမယ်
အလိုလိုနေရင်း ပြုံးမိသွားတတ်တယ်အဖြစ်မှာ
နင်ကျင်မှုတွေ စွန်းထင်းလက်စ
စွန်းထင်းနေပါစေ…
ခပ်ထေ့ထေ့ကလေးပြုံးမိလက်စ ဖြစ်နေတဲ့ အပြုံးကို
ကိုယ်..အသက်ရူမရပ်ခင်ကလေး……
ဖြစ်တည်မှုမှာကိုယ်က အကျိုးအပဲ့ကလေးတစ်ခု အဖြစ်
ဝှက်ထားတဲ့ ခလုတ်ကလေးကို ဘယ်အချိန်ဖြုတ်လိုက်မယ်။
ကို့ယ်နားထင်ကို ကိုယ်ပြန်တေ့ထားတယ်။ ။ကျည်ဆန်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အောင်မြင်မှုတွေ ရရှိလာတဲ့တစ်နေ့မှာ….
အောင်မြင်မှုရော..ကိုယ့်ကိုကိုယ်ရော
အားလုံးကို အဆုံးစီရင် ပစ်လိုက်ရတော့မယ်။
မှူးသစ်
16/6/2012 PM ;11;45
Subscribe to:
Comments (Atom)

